မင်္ဂလာဒုံ ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊မ င်္ဂလာဒုံမြို့နယ်တွင် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကျင်းပပြုလုပ်သော အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၂)နာရီက ထခွဲလ(၅)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်ခိုင်ဇာဝေမှ အမှာစကားပြောကြားပြီး အားကစားဆိုင်ရာ အသိပညာပေး အကြောင်းအရာ များကို ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားတွင် Finess Dance အကဖြင့် ကျောင်းသူလေးများမှ သရုပ်ပြဖျော်ဖြေပေးခဲ့သည်။ ထို့နောက် မြောက်ပိုင်းခရိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ယဉ်ဦးခိုင်မှ မင်္ဂလာဒုံမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနသို့ အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့သည်။
သရုပ်ပြဖျော်ဖြေပေးသော ကျောင်းသူလေးများအား မြို့နယ်အားကစားမှူး ဒေါ်ခိုင်ဇာဝေမှ လက်ဆောင်ပစ္စည်းများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)