အမြို့မြို့အနယ်နယ်သတင်းများ

May 17,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ထေရဝါဒဗုဒ္ဓသာသနာပြုဆရာတော်များ ဦးဆောင်သော တောင်တန်းသာသနာပြုထောက်ပံ့ရေးအသင်းအား တောင်တန်းသာသနာပြု လုပ်ငန်းများပြုလုပ်နိုင်ရန်အတွက် ငွေကျပ်သိန်း ၁၀၀ လှူဒါန်းပွဲကို မေ ၁၆ ရက်က ကျိုင်းတုံမြို့ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ကျင်းပသည်။
May 17,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့တွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနမှူး Drဝင်းနိုင် ဦးဆောင်၍ ကလောခရိုင် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒု-ခရိုင်ကုသရေး ဦးစီးဌာနမှူးဆေးရုံအုပ် ဒေါက်တာဝင်းသန္တာဖြူနှင့်အတူ ဆေးအဖွဲ့ဝင်များသည် ဖယ်ခုံမြို့နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်သည့် ပြည်သူများအား အထူးကွင်းဆင်းဆေးကုသရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၉နာရီက ဖယ်ခုံမြို့နယ်ခန်းမ၌ အခမဲ့လာရောက်ဆောင်ရွက်ပေးလျက်ရှိသည်။
May 17,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ  လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့နှင့် ရပ်မိရပ်ဖများတို့ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 17,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ပြည်သူများပူးပေါင်း ၍ ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ကြောင်း သိရသည်။
May 17,2026
နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် ဒက္ခိဏသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဒက္ခိဏသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများစု‌ပေါင်း၍ သန့်ရှင်း‌ရေး ဆောင်ရွက်‌နေမှုများကို ကြည့်ရှုအားပေးသည်။
May 17,2026
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်ခရိုင်  နမ့်စန်မြို့နယ်တွင် တောင်သူများကို မိုးသီးနှံအတွက် မျိုးစေ့နှင့် မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပဲပုတ်သီးနှံစံပြကွက် ကွင်းသရုပ်ပြပွဲကို မေ ၁၆ ရက် က နမ့်စန်ကျေးရွာအုပ်စု ဝမ်ပုံကျေးရွာရှိ တောင်သူဦးစိုင်းနော်မိန်း၏ လယ်ကွက်တွင် ကျင်းပသည်။
May 16,2026
ကယားပြည်နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်းနှင့် NPL ကြွေးကျန်တိုးတက်ကောက်ခံရရှိရေးအတွက် ပြည်နယ်ချေးငွေအကြံပေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝးကို မေလ ၁၄ ရက်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးခန်း၌ဆောင်ရွက်သည်။
May 16,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ဖအောင်းကျေးရွာ၊ အလယ်ရွာတောရဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။