အမြို့မြို့အနယ်နယ်သတင်းများ

Oct 11,2025
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ သန့်ရှင်းသာယာလှပရေးအတွက် အထူးသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
Oct 11,2025
ဝါလကင်းလွတ်အခါသမယ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၏ တစ်မူထူးခြားသည့် မြို့ဓလေ့ တောင်ပေါ်ဘုရားဖူးနေ့ဖြစ်သည့် သတင်းကျွတ်လပြည့်ကျော် (၅)ရက် အောက်တိုဘာ ၁၁ ရက်နေ့က တောင်ပေါ်ဘုရားဖူးသူများစည်ကားလျက်ရှိကြောင်း သိရသည်။
Oct 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ဘာသာရပ်မိတ်ဆက်ပွဲအခမ်းအနားကိုပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်၊ ပါမောက္ခ ဌာနမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများနှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်၊ ပါမောက္ခ ဌာနမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများနှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
Oct 11,2025
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့တော်အား Green City၊ Clean City၊ Smart City ဖြစ်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် သန့်ရှင်းသာယာရေးဆောင်ရွက်မှုတို့ကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။
Oct 11,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက် တွေ့စမ်းသပ်မဲပေးခြင်းကို အောက်တိုဘာ   ၁၁  ရက်နေ့ နံနက်  ၉ နာရီက မအူကုန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
Oct 11,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်း/တောင်ရပ်ကွက်၊ ရန်မန်းသံလမ်းနှင့် ၇၈ လမ်းကြားရှိ အမှတ် (၃၄) အခြေခံပညာအထက်တန်းကျောင်းတွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာထားရှိမှုနှင့် ပြည်သူများမှ မဲစာရင်းတွင် မိမိအမည်စာရင်း ပါ/မပါ မြေပြင်ကွင်းဆင်း တိုက်ဆိုင်စိစစ် ဆောင်ရွက်နေမှုများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
Oct 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 11,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင်ပြုလုပ်သည့် သိပ္ပံဘာသာရပ်များနှင့် ဝိဇ္ဇာဘာသာရပ်များမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများအား သုတေသနစကားဝိုင်း ဆွေးနွေးပွဲကို အောက်တိုဘာ (၁၀)ရက် မွန်းလွဲ(၁)နာရီက တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပခဲ့သည်။