မိုင်းယောင်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်

မိုင်းယောင်း မေ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ပြည်သူများပူးပေါင်း ၍ ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဝမ်ဘိုးကျေးရွာ၊ ဝမ်ဒန်ကျေးရွာနှင့် ဝမ်မန်းကျေးရွာတို့၌ ရေစီးရေလာကောင်းမွန်စေရေး၊ လယ်ရေသွင်းမြောင်းများ ရေရရှိရေးနှင့် ဒွန်းကျိုင်းကျေးရွာ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ဝမ်ယွတ်ကျေးရွာနှင့် ဇိအုံကျေးရွာတို့မှ ဒေသခံပြည်သူများနှင့် ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း