နမ့်စန်(တ) မေ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်ခရိုင် နမ့်စန်မြို့နယ်တွင် တောင်သူများကို မိုးသီးနှံအတွက် မျိုးစေ့နှင့် မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပဲပုတ်သီးနှံစံပြကွက် ကွင်းသရုပ်ပြပွဲကို မေ ၁၆ ရက် က နမ့်စန်ကျေးရွာအုပ်စု ဝမ်ပုံကျေးရွာရှိ တောင်သူဦးစိုင်းနော်မိန်း၏ လယ်ကွက်တွင် ကျင်းပသည်။
ဦးစွာ ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့် ပြည်နယ်ဝန်ကြီးများက ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာ၊ စပါးမျိုးစေ့၊ နေကြာမျိုးစေ့၊ ပဲစဉ်းငုံမျိုးစေ့နှင့် ပဲပုတ်မျိုးစေ့များကို ပေးအပ်ခဲ့ရာ တက်ရောက်လာကြသော နမ့်စန်၊ မက်မွန်မုန်းနှင့် ဟိုရမ်းကျေးရွာအုပ်စုတို့မှ မိုးစပါးစိုက် တောင်သူများက လက်ခံရယူသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မျိုးစေ့များနှင့် ပဲပုတ်သီးနှံစံပြစိုက်ခင်း ငါးဧက ကို ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်