Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အမျိုးသားစာပေဆုရှင်ဘန္ဒန္တပညာသာရက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ စာအုပ်စာစောင်များလှူဒါန်း
Jun 22,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်၊ ၇၁လမ်း၃၂လမ်း၊ နန်းဦးတိုက် မဟာဓမ္မပါလတိုင်းရင်းသားဗုဒ္ဓသာသနာပြုသင်တန်းကျောင်းတွင် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားပိုက်ကျော်ခြင်း(အလွတ်တန်း)ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ
Jun 22,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၅ ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ အမျိုးသားပိုက်ကျော်ခြင်း(အလွတ်တန်း)၊ လေးယောက်တွဲပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဇွန်လ ၂၀ ရက် နေ့လယ် ၂ နာရီက မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ် ဖီးကြမ်းငှက်ပျောစိုက်တောင်သူများ ဈေးကောင်းရကာစိုက်ပျိုးတောင်သူများ တွက်ခြေကိုက်နေ
Jun 22,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုကျေးရွာများမှ ဖီးကြမ်းငှက်ပျောစိုက်တောင်သူများ ဖီးကြမ်းငှက်ပျော ထွက်သလောက်ရောင်းချ နေရခြင်းကြောင့် ဖီးကြမ်းငှက်ပျောမျိုးစိုက်ပျိုးသည့် ငှက်ပျောခြံစိုက်တောင်သူများပြားလာကြောင်း သက်ပံခြေပေါ်ကျေးရွာ ဖီးကြမ်းငှက်ပျောစိုက်ပျိုးတောင်သူ ဦးမင်းမင်းဦးထံကသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂုဏ်ယူဖွယ်ရာ မြန်မာအမျိုးသမီးတို့၏ ဂုဏ်ရည်များ
Jun 22,2025
မြန်မာအမျိုးသမီးများသည် ခေတ်အဆက်ဆက်တွင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာကောင်းများကို မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။ ထိုသို့ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသော မြန်မာအမျိုးသမီးများ၏ ဆောင်ရွက်ချက်များကို ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့သော စာပေများတွင်လည်း အထင်အရှားတွေ့မြင်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ကျေးလက်လမ်းများအား မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာ…
Jun 22,2025
သမဝါယနှင့်ကျေးလက်ဖွံ့ဖြိုးရေးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး ငွေလုံးငွေရင်း/ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကျေးလက်လမ်း တည်ဆောက်ရေးလုပ်ငန်းခွင်များသို့ ယမန်နေ့မွန်းလွှဲပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ် အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပ
Jun 22,2025
“ မူးယစ်ဆေးသုံး လူညွန့်တုံး၊ ဆုံးရှုံးဘဝကာကွယ်ကြ” ဆိုသည့်စကားအတိုင်း နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် မူးယစ်ဆေးဝါး၏ ကျေးကျွန်များဘဝ မရောက်ရှိစေရေးနှင့် မူးယစ်ဆေးဝါးကြောင့် နိုင်ငံတော်၏ တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရေးအတွက် ရည်ရွယ်ပြီး သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့၏ ဦးဆောင်စီစဉ်မှုဖြင့် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုတို့ ပူးပေါင်းကျင်းပသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ် အသိပညာပေးဆွေးနွေးဟောပြောပွဲ အခမ်းအနားကို ဇွန် ၂၀ ရက်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်၌ နွေစပါးအောင်နိုင်တိုးစပါးမျိုး အကွက်ကျယ်စံပြကွက်ရိတ်သိမ်း တစ်ဧက စပါးအစိုတင်း ၁၄၀ ကျော်ထွက်ရှိ
Jun 22,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ကမ်းနီဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းစီမံကိန်းဧရိယာအတွင်း စိုက်ပျိုးထားသောနွေစပါးအောင်နိုင်တိုးစပါးမျိုး အကွက်ကျယ်စံပြကွက်ရိတ်သိမ်းခြင်းကို ဇွန်လ ၂၁ ရက် နံနက်ပိုင်းက ထိန်တောကျေးရွာ၌ ဆောင်ရွက်ခဲ့ရာ တစ်ဧကပျမ်းမျှအထွက်နှုန်း စပါးအစို တင်း ၁၄၀ ကျော် ထွက်ရှိခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၂ဝ၂၅ခုနှစ်၊ (၁၁)နှစ်မြောက်အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားသို့ တက်ရောက်ပြီး အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွ…
Jun 22,2025
၂ဝ၂၅ခုနှစ်၊ (၁၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားကို ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. AbhayThakur ၊နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
189
Page
190
Page
191
Page
192
Current page
193
Page
194
Page
195
Page
196
Page
197
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department