အမြို့မြို့အနယ်နယ်သတင်းများ

May 17,2026
ရှမ်းပြည်နယ် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် မေ (၁၆)ရက် နံနက်ပိုင်းက ညောင်ရွှေမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
May 17,2026
အများပြည်သူတို့၏ အခြေခံလိုအပ်ချက်ကို ရှေးရှု၍ အစိုးရသစ်လက်ထက် ရက်(၁၀၀)ကာလ စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ခရိုင်/မြို့နယ် စုပေါင်းရုံးရှိ (ပြည်သူ့ ဝန်ဆောင်မှုရုံး)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 17,2026
ဘောလုံးအားကစားနည်း စနစ်တကျဖွံဖြိုးတိုးတက်ရေး၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများ နှင့်အညီ ပြိုင်ပွဲများကျင်းပနိုင်ရေးနှင့် မျိုးဆက်သစ် လူငယ်ကစားသမားများကို စနစ်တကျလေ့ကျင့် ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့စည်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၁၆ ရက်မနက်ပိုင်းက တောင်ကြီးမြို့ ရတနာနန်းတော်‌ဟိုတယ်၌ ကျင်းပသည်။
May 17,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊  ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး နှိုးဆော်ခြင်းကို မေ ၁၆ ရက် နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအလိုက် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
May 17,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသားလူငယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်ကာ အတတ်ပညာများ သင်တန်းများ ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါသင်တန်းများဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ကျင်းပခဲ့သည်။
May 17,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ အ-ထ-က (၁) ကျောင်းတွင် Grade-11နှင့် Grade-12 သင်တန်းတက်ရောက်နေသည့် ဆရာ/ဆရာများအား မေ ၁၅ ရက်နေ့ နံနက်ပိုင်းက ရက် (၁၀၀) စီမံချက်ဖြင့် ဥပဒေရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
May 17,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လားရှိုးခရိုင်ဦးစီးမှူးရုံးမှ လားရှိုးမြို့နယ် ရပ်ကွက် ၄ ရှိ သောက်သုံးရေလိုအပ်လျက်ရှိသည့် ပြည်သူများသို့ စုစုပေါင်း သောက်သုံးရေ ၁၈၀၀ ဂါလံအား သွားရောက်လှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်သည်။
May 17,2026
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်  ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်တွင် ရက်(၁၀၀)အတွင်း မိုးရာသီစံပြကွက်၊ စမ်းသပ်ကွက်နှင့် မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့ ၊ ဓာတ်မြေဩဇာနှင့် ပံ့ပိုးပစ္စည်းများ ပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။