အမြို့မြို့အနယ်နယ်သတင်းများ

May 17,2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၌ အစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ သံဖြူဇရပ်မြို့နယ်ရဲတပ်ဖွဲ့၊ ကျိုက္ခမီနယ်မြေရဲစခန်းမှ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခြင်းကို မေလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက ကျိုက္ခမီမြို့၊ အောင်ပင်လယ်ရပ်ကွက်ရှိ မြစိမ်းရောင်ဓမ္မာရုံ၌ ဆောင်ရွက်သည်။
May 17,2026
မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲ (မူဆယ်)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ အသင်းသားစုံညီ ညီလာခံနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ဆင်းရွှေလီခန်းမတွင် မေလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 17,2026
ရှမ်းပြည်နယ် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် မေ (၁၆)ရက် နံနက်ပိုင်းက ညောင်ရွှေမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
May 17,2026
အများပြည်သူတို့၏ အခြေခံလိုအပ်ချက်ကို ရှေးရှု၍ အစိုးရသစ်လက်ထက် ရက်(၁၀၀)ကာလ စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ခရိုင်/မြို့နယ် စုပေါင်းရုံးရှိ (ပြည်သူ့ ဝန်ဆောင်မှုရုံး)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 17,2026
ဘောလုံးအားကစားနည်း စနစ်တကျဖွံဖြိုးတိုးတက်ရေး၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများ နှင့်အညီ ပြိုင်ပွဲများကျင်းပနိုင်ရေးနှင့် မျိုးဆက်သစ် လူငယ်ကစားသမားများကို စနစ်တကျလေ့ကျင့် ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့စည်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၁၆ ရက်မနက်ပိုင်းက တောင်ကြီးမြို့ ရတနာနန်းတော်‌ဟိုတယ်၌ ကျင်းပသည်။
May 17,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊  ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး နှိုးဆော်ခြင်းကို မေ ၁၆ ရက် နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအလိုက် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
May 17,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသားလူငယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်ကာ အတတ်ပညာများ သင်တန်းများ ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါသင်တန်းများဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ကျင်းပခဲ့သည်။
May 17,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ အ-ထ-က (၁) ကျောင်းတွင် Grade-11နှင့် Grade-12 သင်တန်းတက်ရောက်နေသည့် ဆရာ/ဆရာများအား မေ ၁၅ ရက်နေ့ နံနက်ပိုင်းက ရက် (၁၀၀) စီမံချက်ဖြင့် ဥပဒေရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။