ဖယ်ခုံမြို့၌ ကလောခရိုင်ပြည်သူ့ဆေးရုံအထူးကုဆရာဝန်များမှ နေရပ်ပြန်ပြည်သူများအား ကွင်းဆင်းဆေးကုသ 

ဖယ်ခုံ      မေ    ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့တွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနမှူး Drဝင်းနိုင် ဦးဆောင်၍ ကလောခရိုင် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒု-ခရိုင်ကုသရေး ဦးစီးဌာနမှူးဆေးရုံအုပ် ဒေါက်တာဝင်းသန္တာဖြူနှင့်အတူ ဆေးအဖွဲ့ဝင်များသည် ဖယ်ခုံမြို့နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်သည့် ပြည်သူများအား အထူးကွင်းဆင်းဆေးကုသရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၉နာရီက ဖယ်ခုံမြို့နယ်ခန်းမ၌ အခမဲ့လာရောက်ဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့်အတူ ကလောခရိုင်ပြည်သူ့ဆေးရုံမှ ဒု-ခရိုင်ကုသရေးဦးစီးဌာနမှူးဆေးရုံအုပ်၊ (ခွဲစိတ်)အထူးကုဆရာဝန်၊ (အရိုး)အထူးကုဆရာဝန်၊ (ဆေးပညာ)အထူးကုဆရာဝန်၊ (မေ့ဆေး)အထူးကုဆရာဝန်၊ (ကလေး)အထူးကုဆရာဝန်၊ (ဓါတ်မှန်) အထူးကုဆရာဝန်၊(သားဖွားမီးယပ်)အထူးကုဆရာဝန်၊သွားနှင့်ခံတွင်းဆရာဝန်၊ ဆေးကုသရေးအဖွဲ့တို့သည် ဖယ်ခုံမြို့နေရပ်ပြန်ပြည်သူများနှင့် မိုးဗြဲကျေးရွာမှနေရပ်ပြန်ပြည်သူများအား ကွင်းဆင်း ကုသဆောင်ရွက်ပေးကြသည်

ထိုသို့ဆောင်ရွက်ရာတွင် ဖယ်ခုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပေးကြောင်းသိရသည်။

ဖယ်ခုံမြို့နယ်၊ပြန်/ဆက်