အမြို့မြို့အနယ်နယ်သတင်းများ

May 16,2026
မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ရန်ကုန်တိုင်း)တို့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် သာသနာနုဂ္ဂဟအသင်းတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်‌‌သော နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
May 16,2026
ပဲခူးတိုင်းဒေသကြီးး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် သစ်တောသစ်ပင်များ သစ်တော ဂေဟစနစ်များ စဥ်ဆက်မပျက်တည်တံ့ရေး သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင်တည်တံ့ ကောင်းမွန်ရေး သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်းလန်းစိုပြည်ရေးကို အထောက်အကူ ပြုသလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တစ်ဖက်တစ်လှမ်းမှ ကာကွယ်နိုင်ရန်နှင့် ဒေသအတွင်း စိမ်းလန်းစိုပြေရေးအတွက် ရည်ရွယ်၍ ထန်းတပင်-ဇရပ်ကြီးသွားသည့် မြို့အဝင် ဆိုင်းဘုတ်အနီး လမ်းဘေးတွင် ယနေ့နံနက် ၆ နာရီခွဲအချိန်က စုပေါင်းသစ်ပင် စိုက်ပျိုးခဲ့သည်။
May 16,2026
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသမီးများစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ လူငယ်ရေးရာဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့တို့ ပူးပေါင်း၍ ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများ အသိပညာဗဟုသုတရရှိစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ခြံကလေးကျောင်း လမ်းပြကြယ် လူငယ်ရိပ်သာတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
May 16,2026
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ ၄ နာရီက အမှတ် ၆ ရပ်ကွက်၊ အောင်ချမ်းသာလမ်းရှိ မေတ္တာကွန်ယက်ဓမ္မာရုံ၌ ပြုလုပ်သည်။
May 16,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ ကာလတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း၏ အသက်မွေးဝမ်းကျောင်းကာလတို အခြေခံစက်ချုပ်နည်းပညာသင်တန်းကို မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကလွင်ကျေးရွာအုပ်စု၊ ငွေပုလဲရပ်ကွက် အရန်မီးသတ်ရုံးခန်း၌ ယမန်နေ့က ဖွင့်လှစ်သည်။
May 16,2026
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရေးအတွက် အသိပညာပေး နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 16,2026
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲ (၄)နာရီခန့်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ဝိန်းနန်းကျေးရွာရှိ တစ်ပိုင်တစ်နိုင် မိသားစုရှမ်းစက္ကူလုပ်ငန်း အဆင့်ဆင့် လုပ်ကိုင်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
May 16,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ကျိုက္ကဆံလမ်းနှင့် လမ်းဆက်လမ်းထောင့်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ သုံးရေပြတ်လပ်နေသဖြင့် သုံးရေ လုံလောက်စွာ ရရှိနိုင်စေရန်အတွက် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူများက သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။