Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်
Jan 25,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများဥပဒေနှင့်အညီနိုင်ငံသား စိစစ်ရေးကတ်ပြား များ ကိုင်ဆောင်ခွင့်ကိုရရှိစေရန် ရည်ရွယ်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ၂၀၂၁-ခုနှစ်မေလ(၃)ရက်နေ့မှစတင်ကာ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီတွင် သာကေတမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဦးစီအရာရှိဦးသန်းဦး မှဦးဆောင်၍ ၄/တောင် ရပ်ကွက် သာသနာဝေပုလ္လဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေး ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲခရိုင်၊ ပြည်သူ့စာကြည့်တိုက်တွင် ဆေးရောင်စုံခြယ်ပြိုင်ပွဲကျင်းပ
Jan 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ဆေးရောင်စုံခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေး
Jan 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ လျော့နည်း ကျဆင်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက ဒေသန္တရကျန်းမာရေးဌာနတွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား (Sputnik light) (ရုရှား)ကာကွယ်ဆေး ကို စတင်ထိုးနှံ ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးစစ်ဆေးဆောင်ရွက်
Jan 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှု အန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာစေရေးအတွက် ယနေ့နံနက်(၈) အချိန် က သံသုမာလမ်းနှင့် ပါရမီလမ်းဆုံ၊ ပါရမီလမ်းနှင့် သစ္စာလမ်းတို့တွင် ယာဉ်စစ်ဆေးခြင်း ဆောင်ရွက်လျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်၌ တိုင်းရင်းသားအခွင့်အရေးများအား အသိပညာပေးကာ အခြေခံအချက်အလက် စစ်တမ်းများ ကောက်ယူ
Jan 25,2022
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှကြီးမှူး၍ ကျင်းပပြုလုပ်သည့် တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းသားရေးရာ အခြေခံအချက်အလက်များ ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ရေပေါ်သောင် ကျေးရွာအုပ်စု၊ ရေပေါ် သောင်ကျေးရွာရှိဘက်စုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြရာ မြို့နယ် ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီမှတာဝန်ရှိသူများ၊ ကရင်တိုင်းရင်းသားများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာလေမြို့၌ ဌာနဆိုင်ရာ ရပ်ကျေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 25,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့၌ ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ခမ်းမြို့ရှိ မြို့ပေါ်ရပ်ကွက်၌ ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊နမ့်ခမ်းမြို့ရှိ မြို့ပေါ်ရပ်ကွက်ဖြစ်သည့် အမှတ်(၉)ရပ်ကွက်၊ အောင်မဂ်လာရပ်၌ ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်အတွင်းတွင် ယနေ့နံနက်(၁၀)နာရီအချိန်က အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ လှည့်လည်ဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့ ဂုဏ်ကျက်သရေဆောင် သာသနာ့ဗိမ္မာန်တော်တွင် မင်္ဂလာစည်တော်ကြီးအသစ် တင်လှူခြင်း အခမ်းအနားကျင်းပ
Jan 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ဂုဏ်ကျက်သရေဆောင် သာသနာ့ဗိမ္မာန်တော်တွင် နှစ်ကာလ ကြာမြင့်ပြီး ဟောင်းနွမ်းနေသော မင်္ဂလာစည်တော်ကြီး နေရာတွင် မင်္ဂလာစည်တော်အသစ်တင်လှူခြင်း အခမ်းအနားကို ယနေ့၊နံနက်(၉)နာရီအချိန်ကကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယအဂမဟာဂန္ထဝါစက ပဏ္ဍိတ မဟာဗောဓာရုံကျောင်းဆရာတော် ဘဒန္တနာရဒ အမှူးပြုသော ဆရာတော်၊ သံဃာတော်(၁၈)ပါး ကြွရောက် ချီးမြှင့်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19218
Page
19219
Page
19220
Page
19221
Current page
19222
Page
19223
Page
19224
Page
19225
Page
19226
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department