အမြို့မြို့အနယ်နယ်သတင်းများ

Jan 25,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် ယနေ့နံနက် (၁၀) နာရီက ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် စာအုပ်/စာစောင် ပြပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Jan 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  ကျောင်းသား/သူများအား ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နေ့လည်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Jan 25,2022
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည် ဖွံဖြိုးတိုးတက်စေရန် မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်၊စာစောင်ပြပွဲ ဆောင်ရွက်ပေးသည်။
Jan 25,2022
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ဆည်ကြီးကျေးရွာတွင် ကုလာအော်ငရုတ်သီးစိမ်း စိုက်ပျိုး ခြင်းဖြင့် မိသားစုစားဝတ်နေရေးကို တစ်ဖတ်တစ်လမ်းမှ အထောက်ကူပြုနေသည့်အတွက် အဆင်ပြေ လျက်ရှိကြောင်း သိရသည်။
Jan 25,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင်းနံရံကပ်ပြဘုတ်တွင် ပြည်သူများအနေဖြင့်  အလွယ်တကူဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက  လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ထား ကြောင်း သိရသည်။
Jan 25,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်ပိုင်းအချိန်က အမျိုးသမီး များနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ အကြောင်းသိကောင်းစရာ  ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 25,2022
မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဘူးသီးတောင်မြို့ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။