တောင်ဥက္ကလာပ ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှု အန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာစေရေးအတွက် ယနေ့နံနက်(၈) အချိန် က သံသုမာလမ်းနှင့် ပါရမီလမ်းဆုံ၊ ပါရမီလမ်းနှင့် သစ္စာလမ်းတို့တွင် ယာဉ်စစ်ဆေးခြင်း ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ယာဉ်များသွားလာမှု များပြားသည့် မြို့နယ်အတွင်းရှိ သံသုမာလမ်းမနှင့် ပါရမီလမ်းဆုံ၊ ပါရမီလမ်းနှင့် သစ္စာလမ်းတို့တွင် ယာဉ်တိုက်မှု မဖြစ်ပွားစေရန်၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲဝင်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး လူစည်ကားရာ နေရာဖြစ်သည့် စျေးများနှင့် ယာဉ်အသွားအလာ များပြားသည့်လမ်းဆုံ၊ လမ်းမကြီးတို့တွင် စျေးဝယ်သူ၊ ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်း စေရေးနှင့် ယာဉ်လမ်းရှင်းလင်းစေရေးအတွက် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)