ကျောက်မဲ ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ဆေးရောင်စုံခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် ၊ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အဆိုပါပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရပြီး ယင်းပြိုင်ပွဲသို့ အမှတ် ၃ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါ ဆေးရောင်စုံပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင် ၃ ဦးအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင်များအားလုံးကို လည်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ရုံးမှ ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ခြင်း၊ အာဟာရဒါနအဖြစ် မုန့်၊ အချိုရည်များ တိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)