သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

 

သာကေတ ဇန်နဝါရီ ၂၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများဥပဒေနှင့်အညီနိုင်ငံသား စိစစ်ရေးကတ်ပြား များ ကိုင်ဆောင်ခွင့်ကိုရရှိစေရန် ရည်ရွယ်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ၂၀၂၁-ခုနှစ်မေလ(၃)ရက်နေ့မှစတင်ကာ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီတွင် သာကေတမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဦးစီအရာရှိဦးသန်းဦး မှဦးဆောင်၍ ၄/တောင် ရပ်ကွက် သာသနာဝေပုလ္လဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေး ခဲ့သည်။

ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဦးကဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးရခြင်းရည်ရွယ်ချက်နှင့်နိုင်ငံသား စိစစ်ရေး ကတ်ပြားများ မြန်မြန်ဆန်ဆန်၊ မှန်မှန်ကန်ကန်ရရှိနိုင်ရေးအတွက်တာဝန် ရှိသူများနှင့်အတူ ဝိုင်းဝန်းပူးပေါင်း၍ ကူညီပေးကြရန် ရှင်းလင်း ပြောကြားကာ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံ သားစိစစ်ရေးကတ်ပြားများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးအရာရှိ  ဦးသန်းဦးနှင့်ဝန်ထမ်းတို့က  နိုင်ငံသားစိစစ်ရေးကတ်(၇၀)ကို  ပြည်သူများ လက်ဝယ်သို့ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ၄/တောင်ရပ်ကွက်အတွင်း ကျန်ရှိနေသေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြု လုပ်ရသေးသူများအတွက် ရှေ့ပြေးလျှောက်လွှာများ ဖြည့်သွင်းဆောင်ရွက်ပေးခဲ့ကြသည်။ သာကေတ မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား(၄၀.၀၁)ရာခိုင်နှုန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)