အမြို့မြို့အနယ်နယ်သတင်းများ

Jan 24,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ကာကွယ်ဆေးမထိုးရသေးသည့် အသက်(၁၈) အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို  ယနေ့နံနက်(၁၀)နာရီမှစတင်၍ သတ်မှတ်ထားသည့် ဆေးထိုးစုရပ်အသီးသီးတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jan 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ် နမ့်စန်-မိုးနဲ-မိုင်းတုံ -မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်း မူလအကျယ် ၁၂ ပေမှ ၁၈ ပေကတ္တရာလမ်းတိုးချဲ့ခင်းခြင်း လုပ်ငန်းကို မြို့နယ်လမ်းဦးစီးဌာနမှ ထာဝန်ယူဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Jan 24,2022
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရေးအတွက် ကာကွယ်ဆေးထိုးနှံပေး ခြင်းများ စဉ်ဆက်မပြတ်ထိုးနှံ ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့က ဆေးထိုးစုရပ်(၄)နေရာတွင် ဒေသခံပြည်သူများက အေးချမ်းစွာ လာရောက်ထိုးနှံလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။
Jan 24,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မလွန် အခြေခံပညာအထက်တန်းကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ကျောင်းသား/ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက် (၈)နာရီခွဲက  ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။ 
Jan 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊မိုင်း‌ နောင်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ  ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က  နောင်အယ် ကျေးရွာအုပ်စု နမ့်ပိုးရွာနှင့် ၀မ်စိုးပလောင်ရွာများတွင် သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
Jan 24,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မြို့တော်ခန်းမတွင် ဇန်နဝါရီလ ၂၅ ရက်နေ့မှစတင်၍ လူဦးရေ (၁၆၀၀၀) ဦးအား ရုရှားနိုင်ငံထုတ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး Sputnik Light Vaccine ကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Jan 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ မအူပင်ခရိုင် Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ဆောင်ရွက်ခဲ့သည်။
Jan 24,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်၁၉ရောဂါနှင့် မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူသိရှိလိုက်နာရမည့် အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် အသိပညာပေးနှိုးဆော်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအတွင်း အသိပညာပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။