အမြို့မြို့အနယ်နယ်သတင်းများ

Jan 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလားအမျိုးသား(အလွတ်တန်း)   ဘောလီဘော၊ ပိုက်ကျော်ခြင်းနှင့် ကြက်တောင်ရိုက်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီကမြို့နယ်အားကစားခန်းမတွင်ပြုလုပ်ခဲ့သည်။
Jan 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့တွင် လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
Jan 25,2022
မကွေးခရိုင် မြို့သစ်မြို့၊ မင်းရပ်ကွက်ရှိ ဓမ္မာသိဉ္စနာရာမ(ဓမ္မာသိမ်)ကျောင်းတွင် လောကမာရ်အောင်ကြေးသွန်းရုပ်တုတော် ဘုရားကြီး တည်ထားပြီးစီးပြီဖြစ်သဖြင့် ထီးတော်တင်လှူခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါ ကျောင်းတွင်ကျင်းပ ခဲ့သည်။
Jan 25,2022
မော်လမြိုင်ကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ဇန်နဝါရီလ (၂၁)ရက်နံနက် (၉)နာရီမှ စတင်ကာ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ အလှည့်ကျစနစ်ဖြင့် စနစ်တကျ ထုတ်ပေးလျက်ရှိ‌ကြောင်း သိရှိရသည်။ 
Jan 25,2022
မကွေးခရိုင်၊ မြို့သစ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက “ပန်းခင်းစီမံချက်ဖြင့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၁၉ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား ခြောက်ထောင်ကျော်နှင့် အိမ်ထောင်စု လူဦးရေစာရင်း တစ်ထောင်ကျော် ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Jan 25,2022
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်ရုံးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိ ပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မဟာအောင်မြေမြို့နယ်ရုံး (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
Jan 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊မြို့နယ်ရုံးCommunity Centre ခန်းမတွင် ကျောင်းသား ၊ ကျောင်းသူများ နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်စေရန်၊ စဉ်စားတွေးခေါ်မှု ကောင်းမွန်စေရန်များ ပေါ်ထွန်း လာစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက အသိပညာပေး ဟောပြောပွဲနှင့် ပန်းချီဆေးရောင်ခြယ် ပြိုင်ပွဲ များကျင်းပပြုလုပ်ခဲ့သည်။  
Jan 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မိုးနဲ-ကင်တုံကျေးရွာ ဆက်သွယ်သော လမ်းပေါ်ရှိ အရှည်ပေ ၄၀ရှိ သံကူကွန်ကရစ် တံတားတစ်စင်းကို လင်းခေးခရိုင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၉၃ ဒသမ ၆၅၁ သန်းဖြင့် ဆုပြည့်စံဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ပေးလျက်ရှိကြောင်း သိရှိရသည်။