မအူပင် ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ မအူပင်ခရိုင် Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဒေါ်တင်သူဇာလှိုင်က စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး စာရေးဆရာကျော်ဝင်း၏ နှစ်ဆယ့်တစ်ရာစု သားရွှေဥစာအုပ်ပါ အကြောင်းအရာများကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း ဥက္ကဌဦးစောမောင်၊ ဒုဥက္ကဌဦးစိုးနှင့် အဖွဲ့ဝင် ဦးဘိုထွေးတို့က တက်ရောက်လာသည့် မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၊ စာပေချစ်သူများက သိရှိလိုသည် များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ခိုင်