အုတ်ဖို ဇန်နဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မြို့တော်ခန်းမတွင် ဇန်နဝါရီလ ၂၅ ရက်နေ့မှစတင်၍ လူဦးရေ (၁၆၀၀၀) ဦးအား ရုရှားနိုင်ငံထုတ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး Sputnik Light Vaccine ကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်ဝန်ဆောင်နို့တိုက်မိခင်များမှအပ အသက် ၁၈ နှစ်မှ ၆၀ နှစ် အတွင်း ကိုဗစ်- ၁၉ ရောဂါကာကွယ် ဆေး မထိုးနှံရသေးသူများကိုထိုးနှံပေးသွားမည်ဖြစ်ပြီး Sputnik Light Vaccine ကို (၁၅.၁.၂၀၂၂) အထိ အသုံးပြုလျက်ရှိသောနိုင်ငံ (၂၆) နိုင်ငံအထိရှိပြီဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။
အောင်သူ(အုတ်ဖို)