ကျိုက်လတ် ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊မြို့နယ်ရုံးCommunity Centre ခန်းမတွင် ကျောင်းသား ၊ ကျောင်းသူများ နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်စေရန်၊ စဉ်စားတွေးခေါ်မှု ကောင်းမွန်စေရန်များ ပေါ်ထွန်း လာစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက အသိပညာပေး ဟောပြောပွဲနှင့် ပန်းချီဆေးရောင်ခြယ် ပြိုင်ပွဲ များကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင် က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်း ၊မျိုးချစ်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ လွတ်လပ်ရေးရယူရန်အတွက် ပင်လုံစာချုပ်တွင် လက်မှတ်ရေး ထိုးခဲ့သည့် ၁၉၄၇ဖေဖော်ဝါရီလ ၁၂ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့ပုံ သမိုင်းကြောင်း များနှင့် ယနေ့ခေတ်လူငယ်များ စစ်မှန်သည့်မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန် ထက်မြတ် စေရန်၊ နိုင်ငံအပေါ်ချစ်မြတ်နိုးသည့် တိုင်းပြည်ကအားထားရသည့် လူကောင်းလူတော်များ ဖြစ်ပေါ် လာ စေရန်ယခုလိုပြိုင်ပွဲများကျင်းပပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် မူလတန်းအဆင့်ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ ပြုလုပ်ပေးခဲ့ရာ အခြေခံပညာ မူလတန်းကျောင်းများ က ကျောင်းသား ကျောင်းသူလေး(၁၅)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများ အားမြို့နယ်ဦးစီးမှူးက အမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။
ဌေးဌေးလှိုင်