အင်တောမြို့၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေး

အင်တော ဇန်နဝါရီ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့တွင် လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်သန်းသန်းညွန့်က လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အင်တောမြို့ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမော်က လူကုန်ကူးခြင်း ပေါ်ပေါက်လာပုံ၊ လူကုန်ကူးရောင်းဝယ်မှုအခြေအနေနှင့် အမျိုး အစားများ၊ လူကုန်ကူးမှုနှင့် ပတ်သက်သည့် အကြောင်းများကို လည်းကောင်း၊ အမျိုးသမီးရေးရာ အဖွဲ့က လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေမှ ပြစ်မှုပြစ်ဒဏ်များ၊ လူသားတိုင်း မိမိတို့၏ ဘဝတွင် လူကုန်ကူးမခံရစေရန်၊ မိမိကိုယ်ကို ကာကွယ်တတ်စေရန်၊ လူကုန်ကူးမှုခံရပါက မိမိ၏ လူမှုပတ်ဝန်းကျင်တွင် ပုံမှန်ပြန်လည်နေထိုင်နိုင်ရန်အတွက် လိုအပ်သည့် သတင်းအချက် အလက်များ ရယူတတ်စေရန်နှင့် လူမှောင်ခိုကူးသည့် လမ်းကြောင်းများအကြောင်းကို အများ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ခိုင်(ပြန်/ဆက်)