မဟာအောင်မြေ ဇန်နဝါရီ ၂၅
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်ရုံးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိ ပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မဟာအောင်မြေမြို့နယ်ရုံး (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြည်သူများသိသင့် သိထိုက်သည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်သည့် အကြောင်းများနှင့် စပ်လျဉ်း၍ ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှသာ မီးဘေးအန္တရာယ်ကျရောက်လာလျှင် လျှင်မြန်စွာလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုးမင်းကျော်က မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ မီးသတ်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် မီးလောင်လျှင် ဘယ်လိုကာကွယ်ရမည့်နည်းလမ်းများ၊ GAS အိုးတစ်အိုး၏ လဲလှယ်ရမည့်အချိန်ကာလနှင့် စက်ကိရိယာပစ္စည်းများထားရှိခြင်းဖြင့် မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကြောင်း တိုက် တွန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မီးဘေးအန္တရာယ်အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းဆီနှင့် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုးမင်းကျော်တို့က ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဦးအောင်ဇော်မင်း