မြို့သစ် ဇန်နဝါရီ ၂၅
မကွေးခရိုင် မြို့သစ်မြို့၊ မင်းရပ်ကွက်ရှိ ဓမ္မာသိဉ္စနာရာမ(ဓမ္မာသိမ်)ကျောင်းတွင် လောကမာရ်အောင်ကြေးသွန်းရုပ်တုတော် ဘုရားကြီး တည်ထားပြီးစီးပြီဖြစ်သဖြင့် ထီးတော်တင်လှူခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါ ကျောင်းတွင်ကျင်းပ ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကိုနမောတဿ(၃) ကြိမ်ရွတ်ဆိုကာဖွင့်လှစ်ခဲ့ပြီး သံဃာတော်အရှင်မြတ်တို့ဟောမြွက်သည့် ကိုးပါးသီလတော်မြက်တို့ကို ခံယူဆောက် တည်ခဲ့ပြီး လောကမာရ်အောင်ဘုရားကြီး၏ ရတနာစိန်ဖူးတော်နှင့် ရွှေထီးတော်တို့ကို ဆရာတော်၊ သံဃာတော်များနှင့် တပည့် ဒါယကာ၊ ဒါယိကာမများကပန်းရထားဖြင့် တင်လှူပူဇော် ခဲ့ကြသည်။
ဆက်လက်၍ ဓမ္မာသိဉ္စနာရာမကျောင်းတော်ကြီးသည် ၁၃၀၅ခုနှစ်ဆရာတော်ဦးပညာမှစ၍ ဆရာတောဦးဣသိန္ဒအဆုံးသီတင်းသုံးနေခဲ့ရာမှ ၁၃၃၉ခုနှစ်၏ နောက်ပိုင်းတွင် သံဃာတော်အဆက်ပြတ်၍ သာသနာတော်မှေးမှိန်စပြုခဲ့ရာ၁၃၅၇ခုနှစ်တွင် သာသနာ့အာဇာနည် ဆရာတော် ဦးသံဝရမှကျောင်းဒကာဦးသောင်းညွှန့်နှင့်ကျောင်းတော်ပြုပြင်၍သာသနာတော် အစဉ် ပြန်လည်ထွန်းကားပြန့်ပွားအောင် သာသနာအသက်သွင်း သည့်အနေဖြင့် ရှေးရှေးဆရာတော်များ၏အစဉ်အလာနည်း နာနိဿယများအရကျောင်းတော်အတွင်း ကျောင်း၊ ကန်၊ ဘုရားပြည့်စုံအောင် တည်ထားကိုးကွယ်လိုသော ဆန္ဒတော်ပြင်းပြသည်နှင့် အညီ ၁၃၈၂ခုပြာသိုလဆန်း (၁၄)ရက်နေ့က ပန္နက်တင် မင်္ဂလာကျင်းပကာစေတနာရှင် အလှူရှင်ဒါယကာ၊ဒါယိကာမများပါဝင် ကုသိုလ်ယူလှူဒါန်း ကာအသစ်တည်ထားပူဇော်ခဲ့သည်။
ထို့နောက်ထီးတော်တင်လှူပွဲ အခမ်းအနားကို ဗုဒ္ဓသါသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုအောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)