မော်လမြိုင်ကျွန်း ဇန်နဝါရီ ၂၅
မော်လမြိုင်ကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ဇန်နဝါရီလ (၂၁)ရက်နံနက် (၉)နာရီမှ စတင်ကာ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ အလှည့်ကျစနစ်ဖြင့် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်အတွင်းရှိ ပင်စင်လစာထုတ်ယူမည့် အငြိမ်းစားဝန်ထမ်းများမှာ မြို့ပြပင်စင် (၇၃၀) ဦး၊ နိုင်ငံရေးပင်စင် (၁၅၈) ဦး၊ ကာကွယ်ရေးပင်စင် (၂၅၃) ဦး စုစုပေါင်း (၁၁၄၁) ဦး ရှိပါသည်။ အဆိုပါပင်စင်စားဝန်ထမ်းများအား လူစုလူဝေးမဖြစ်ပေါ်စေရန် မြို့နယ်မြန်မာ့စီးပွားရေး ဘဏ်ခွဲတွင် အလှည့်ကျစနစ်ဖြင့် ထုတ်ပေးလျက်ရှိပါသည်။
ထိုသို့ ပင်စင်လစာငွေများထုတ်ပေးရာတွင် သက်ကြီးအငြိမ်းစားဝန်ထမ်းများအား သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသော ပင်စင်စားဝန်ထမ်းများအား ဖေဖော်ဝါရီလဆန်းတွင်ဘဏ် လုပ်ငန်းချိန်အတွင်း၌ ဆက်လက်ထုတ် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်လေးလေးမော်ထံမှ သိရှိရသည်။
အောင်အောင်