ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားပိုက်ကျော်ခြင်း၊ ဘောလီဘောနှင့် ကြက်တောင်ရိုက်အားကစား ပြိုင်ပွဲများကျင်းပ 

ကန်ကြီးထောင့် ဇန်နဝါရီ ၂၅ 

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလားအမျိုးသား(အလွတ်တန်း)   ဘောလီဘော၊ ပိုက်ကျော်ခြင်းနှင့် ကြက်တောင်ရိုက်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီကမြို့နယ်အားကစားခန်းမတွင်ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်‌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးမြင့်အောင်က  အမှာစကားများပြောကြားပြီး ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူးနိုင်လင်းအောင်ကပြိုင်ပွဲများ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍အခမ်းအနားကိုကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်အားကစားသများက အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌအား အလေးပြုခဲ့ကြသည်။

ပြိုင်ပွဲများကို ဇန်နဝါရီလ၂၅ရက်နေ့မှ ဖေဖော်ဝါရီလ ၁၂ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲ ၃မျိုးအတွက် ဌာနဆိုင်ရာ ၆သင်း၊ တိုက်နယ်၉သင်း၊  ရက်ကွက်၂သင်းနှင့်ကျေးရွာ၁သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရပြီး ဆုများအား (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

လှမင်းထွဋ်