အမြို့မြို့အနယ်နယ်သတင်းများ

Jan 18,2022
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 18,2022
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ မိဘပြည်သူများသည် အများအားဖြင့် မိမိတို့လယ်ယာမြေများ၌ စိုက်ပျိုး ရေးကို အဓိကထား လုပ်ကိုင်ကြလျက် ရှိရာ ယခင်နှစ် စပါးများရိတ်သိမ်းပြီး လယ်ယာမြေများတွင် ဆောင်းမြေပဲများ စိုက်ပျိုးထားလျက်ရှိကြောင်း သိရသည်။
Jan 18,2022
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိ ပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိရေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆွေးနွေးဆောင်ရွက်ခဲ့သည်။
Jan 18,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရွှေစက်တော် မန်းချောင်းအပန်းဖြေ ဆင်စခန်းသည် မြန်မာ့သစ်လုပ်ငန်း မင်းဘူးခရိုင် သစ်ထုတ်ရေးဒေသ လက်အောက်တွင်ရှိပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က စတင်ဖွင့်လှစ်ကာ ဧက ၇၀၀ ကျယ်ဝန်း၍ ပန်းတောင်း-ပျော်ဘွယ် ကြိုးပြင် ကာကွယ်တောတွင် တည်ရှိသည်။
Jan 18,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ်၊ ပဉ္စမအသုတ် ဒုတိယအကြိမ်နှင့် ဆမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
Jan 18,2022
စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများသည် ကလေးခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများအား တွေ့ဆုံ၍ လမ်းညွှန်မှုခံယူပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ဒေသကွက်ကဲရေး စစ်ဌာနချုပ်(ကလေး) အစည်းဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 18,2022
သံတွဲမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Jan 18,2022
မွန်ပြည်နယ်၏ တိုင်းရင်းသား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ အထင်ကရ နေရာများ၊ ဒေသထွက်ကုန် ပစ္စည်းများအား ဖော်ထုတ်နိုင်ရေး (၇၅)နှစ်မြောက်၊ စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတွင် ခင်းကျင်းပြသနိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ကျောက်တန်းစက်ရုံစု နယ်မြေ၌ အလှပြယာဉ်များ စေလွှတ်ပေးနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများနှင့်သက်ဆိုင်ရာ ကော်မတီအဖွဲ့များ ကြည့်ရှုစစ်ဆေးသည်။