အမြို့မြို့အနယ်နယ်သတင်းများ

Jan 16,2022
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဝဲဟတာကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း၊ ပြည်ထောင်စု ရန်ပုံငွေကျပ်၂၇ ဒသမ ၅၄ သန်းဖြင့် နှစ်ကိုင်းကျေးရွာနှင့် ဒုံဂနိကျေးရွာ တို့တွင် ကျေးလက်နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် နွေရာသီ ရေရှားပါးမှု မရှိစေရေးတို့အတွက် တွင်းတိမ်တူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဒရယ်ဖြူ ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက အဆိုပါ ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးသည်။
Jan 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင် စေရန်နှင့်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို  ​လျော့နည်းစေရန်ရည်ရွယ်၍   ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေး ထိုးနှံ​ပေးလျက်ရှိကြောင်း သိရသည်။
Jan 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မဘိမ်းမြို့နယ်တွင် ဒေသနေပြည်သူများအနေဖြင့် စိုက်ပျိုး ရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး မိုးသီနှံအဖြစ် စပါးစိုက်ခင်းများ ရိတ်သိမ်းပြီးချိန်တွင် သီးထပ်အဖြစ် ဆောင်းသီးနှံ မြေတောက်ပဲများကို ဆက်လက်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Jan 16,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တစ်ဦးအသစ်ပြန်လည်  ဖွဲ့စည်းနိုင်ရေးအတွက် ရွေးချယ်တင်မြှောက်ပွဲကို ဇန်နဝါရီ ၁၄ ရက်   ယမန်နေ့ နေ့လည် ၂ နာရီက  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မုန်းသီတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 16,2022
 မကွေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် မင်းဘူး(စကု)မြို့နယ် လ.ဝ.က ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုကို ဇန်နဝါရီ ၁၄ ရက် ညနေ ၃ နာရီအချိန်က ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။