Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တောင်တွင်းကြီးမြို့နယ် သဖန်းကုန်းကျေးရွာအတွင်းရှိ သက်ကြီးဘိုးဘွားများ လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်
Jan 17,2022
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် သဖန်းကုန်းကျေးရွာအတွင်းရှိ အသက်(၈၅)နှစ် နှင့် အထက်သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက တရုပ်ကော အုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများက ဘိုးဘွားများလက်ဝယ်အရောက် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်၊ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင်စိတ်ကြိုက်ပန်းချီပြိုင်ပွဲပြုလုပ်
Jan 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ ကျောင်းသားများအနေဖြင့့််စာကြည်တိုက်နှင့်ရင်းနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အားလပ်ချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်၊ ကိုယ်ပိုင်တီထွင်တတ်သည့် အတွေးအခေါ်များရှိစေရန်၊ စာကြည့် တိုက်သို့လာရောက်သည့် အလေ့အထများဖြစ်စေရန်နှင့် စာဖတ်ခြင်း အကျိုးကျေးဇူးများသိစေရန် ရည်ရွယ်၍ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူအသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများအား ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး
Jan 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူအသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ရေဟော်ကျောင်းတိုက် ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျန်းမာရေးဝန်ထမ်းများမှ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာလှေလှော် မြန်မာ့လက်ရွေးစင် နီလာဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း
Jan 17,2022
မေး။ အရင်ဦးဆုံး ညီမလေးရဲ့အမည်၊ မိသားစုဝင်ဦးရေ၊ နေရပ်၊ ပညာအရည်အချင်းနဲ့ အသက်ကို မိတ်ဆက်ပေးပါအုံး ဖြေ။ ကျွန်မနာမည်ကတော့ နီလာဝင်းဖြစ်ပါတယ်ရှင်၊ မိသားစု ၆ ယောက်ရှိပြီး အဖေရယ် အမေရယ်၊ အစ်ကိုနှစ်ယောက်ရယ်၊ ကျွန်မရယ်၊ ကျွန်မအောက်မှာ မောင်လေးတစ်ယောက်ရယ် ရှိပါတယ်ရှင်၊ နေရပ်ကတော့ အထက်တံခွန်တိုင်ကျေးရွာ၊ ကန်ကြီးထောင့်မြို့နယ် ဖြစ်ပါတယ်ရှင်၊ ပညာအရည်အချင်းကတော့ B.A(Geography) အပြင်စီးပွားရေးတက္ကသိုလ်ကနေ ဘွဲ့လွန် ၂ ခု ရရှိထားပါတယ်၊ အဲ့ဒါတွေကတော့ Diploma In Management နဲ့ Development Studies တို့ဖြစ်ပါတယ်ရှင်၊ ကျွန်မအသက်ကတော့ ၃၃ နှစ် ဖြစ်ပါတယ်ရှင်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါပိုး သတိပြုကာကွယ်ရေး အသိပေး နှိုးဆော်လျက်ရှိ
Jan 17,2022
ပျော်ဘွယ်မြို့နယ်အတွင်း ဗီဇပြောင်း အိုမီခရွန်ရောဂါပိုးအား သတိပြုကာကွယ် နိုင်စေရန်အတွက် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းတို့သည် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် (၁၀) နာရီခွဲက ညောင်နွယ်(တ)ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 17,2022
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၌ အသံချဲ့စက်ဖြင့် အသိပညာပေးလိုက်လံနှိုးဆော်သည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးအစီအစဉ်များ Onlineမှတစ်ဆင့် နေ့စဉ်ဆောင်ရွက်ပေး
Jan 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ကလေး သူငယ်များနှင့် စာဖတ်ပရိသတ်များအတွက် စာအုပ်၊စာပေနှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် အသိပညာပေ
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေး စီမံချက်အပေါ် ဆန်းစစ်လေ့လာခြင်း လုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်း…
Jan 17,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေး စီမံချက်အပေါ် ဆန်းစစ်လေ့လာခြင်းလုပ်ငန်း အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19189
Page
19190
Page
19191
Page
19192
Current page
19193
Page
19194
Page
19195
Page
19196
Page
19197
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department