မော်လမြိုင် ဇန်နဝါရီ ၁၈
မွန်ပြည်နယ်၏ တိုင်းရင်းသား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ အထင်ကရ နေရာများ၊ ဒေသထွက်ကုန် ပစ္စည်းများအား ဖော်ထုတ်နိုင်ရေး (၇၅)နှစ်မြောက်၊ စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတွင် ခင်းကျင်းပြသနိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ကျောက်တန်းစက်ရုံစု နယ်မြေ၌ အလှပြယာဉ်များ စေလွှတ်ပေးနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများနှင့်သက်ဆိုင်ရာ ကော်မတီအဖွဲ့များ ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား တွင် မိမိတို့ ပြည်နယ်အတွင်းရှိ အနုသုခုမပညာ ရိုးရာအမွေအနှစ်များကို ဖော်ထုတ်ပြသ ပေးစေလိုကြောင်း၊ ပြည်နယ်၏ ဂုဏ်ကို ဖော်ဆောင်နိုင်ရေးနှင့် စုပေါင်းညီညွတ်စွာဖြင့် လုပ်ဆောင်ကြစေလိုကြောင်း၊ လမ်းညွှန်မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်ပြည်နယ်အနေဖြင့် တိုင်းရင်းသား အချင်းချင်း ချစ်ကြည်လေးစားမှုရှိစေရေး၊ စာပေ၊ စကား၊ အနုပညာ၊ ယဉ်ကျေးမှုရိုးရာဓလေ့ ထုံးတမ်းများ မပျောက်ပျက်စေရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)