သံတွဲ၌ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

သံတွဲ ဇန်နဝါရီ ၁၈

သံတွဲမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးမောင်သာစိန်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ကြိုတင်ဆောင်ရွက်ရေး၊ မိုးရာသီ ရေကြီးမှုဖြစ်ပေါ်ပါက ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် ဖိုက်ဘာလှေရရှိရေး၊ ဆိုင်ကလုံးရှာတာ နှစ်လုံးရရှိရေးနှင့် ဆောက်လုပ်မည့် ကျေးရွာများတွင် မြေနေရာရရှိရေးအတွက် ကွင်းဆင်း ဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်း ကော်မတီဝင်များ၏ ပြန်လည်ဆွေးနွေးမှုများအပေါ် လုပ်ငန်းကော်မတီဥက္ကဋ္ဌက ပြန်လည် ပေါင်းစပ် ညှိနှိုင်းဆွေးနွေးခဲ့သည်။

ခရိုင်(ပြန်/ဆက်)