Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပေါက်ခေါင်းမြို့နယ် စီမံကိန်းကျေးရွာ (၄) ရွာတွင် မြေသားလမ်းပြုပြင်ခြင်းနှင့် ကျောက်ချော မြေနီခင်းခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီး
Jan 17,2022
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု ခြောက်လဘဏ္ဍာနှစ်တွင် ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP) ဖြင့် ကျေးလက်လမ်းများ အဆင့်မြှင့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းကျေးရွာ(၄)၌ ဆောင်ရွက် သော ကျေးရွာတွင်း မြေသားလမ်းများ ပြုပြင်ခြင်းနှင့် ကျောက်ချောမြေနီလမ်းခင်းခြင်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်
Jan 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ မိုးရာသီကာလအတွင်းဖြစ်ပေါ်လေ့ရှိသော ရေကြီး ရေလျှံမှု မဖြစ်ပေါ်စေရန်၊ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုများကြောင့် ခြင်များ ပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ လှိုင်မြို့နယ်တွင် စံပြရပ်ကွက် ဆောင်ရွက်ရန် ရွေးချယ်ထားသော အမှတ်(၁၂)ရပ်ကွက် အင်းစိန်လမ်း လှိုင်ရတနာမွန် အိမ်ရာရှေ့တွင် သန့်ရှင်းသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် မြို့နယ်ရုံး အစီအစဉ်ဖြင့် အမြင်တင့်တယ်၍ သန့်ရှင်းသပ်ရပ်မှုရှိစေရန် အမှိုက်များ၊ ရွက်ကြွေများ ရှင်းလင်းခြင်းနှင့် ရေမြောင်းများ ရှင်းလင်းခြင်းအား စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လင်းခေးမြို့အဝင်ရှုခင်းသာ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး
Jan 17,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့အဝင် တောင်ပေါ်ရှုခင်းသာနေရာသစ် တည်ဆောက်နေမှုအား တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုစစ် ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် နာဂတိုင်းရင်းသားများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံခြင်း၊ “ပန်း…
Jan 17,2022
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာနှင့် တာဝန်ရှိသူများလိုက်ပါလျှက် ယမန်နေ့နေ့လည်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့သို့ ရောက်ရှိရာ နန်းယွန်းမြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနန္ဒပါလထံ လှူဘွယ်ပစ္စည်း၊ စားသောက်ဖွယ်ရာများနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့၌ လူမှောင်ခို/လူကုန်ကူးမှုဆိုင်ရာ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jan 17,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ အထကမိုင်းတုံစာသင်ကျောင်းရှိ နီလာဆောင် ခန်းမတွင် ယနေ့နက်(၁၀)နာရီအချိန်က လူမှောင်ခို/လူကုန်ကူးမှုဆိုင်ရာ မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြန်ကြားရေးဝန်ကြီးဌာနမှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်/ကျေးရွာများ အတွက် DVB-T2 Set Top Box အလုံးရေ (၃၀၀)ပေးအပ်လှူဒါန်းခြင်း အခမ်းအနား သို့…
Jan 17,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းသော DVB T2 Set Top Box အလုံးရေ (၃၀၀) အားပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ဇန်နဝါရီ (၁၇)ရက်နေ့ နံနက်(၁၀)နာရီက ပင်းတယမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jan 17,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် သာပေါင်းကျေးရွာအုပ်စု လယ်တွင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာန ဆိုင်ရာများ ပူးပေါင်းအဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူများက မြို့နယ် အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကာကွယ်ဆေးများ မဖြစ်မနေ ထိုးနှံကြရေး အသိပေး နှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့ပေါ်နှင့်ကျေးရွာအုပ်စုသို့ သွားရောက်ပြီး အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19184
Page
19185
Page
19186
Page
19187
Current page
19188
Page
19189
Page
19190
Page
19191
Page
19192
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department