ကလိန်အောင် ဇန်နဝါရီ ၁၈
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိ ပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိရေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆွေးနွေးဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ကလိန်အောင်မြို့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံဦးမင်းခိုင်က ကလိန်အောင် မြို့အတွင်းရှိ ပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ် (၆) လပတ်ဘတ်ဂျက် စည်ပင်သာယာရေးရန်ပုံငွေကျပ် (၆၂) သိန်းဖြင့် ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ကလိန်အောင်မြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်အတွင်း ရေပေးရေး ပိုက်လိုင်း (၃”O/၂” O/PVC) များ လဲလှယ်ခြင်း ( ၃”O PVC ၁၀၀၀’၊ ၂” O PVC ၁၀၀၀’) လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ရေရရှိရေး လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကလိန်အောင်မြို့အတွင်းရှိ ရပ်ကွက်များနှင့် ရေမရရှိသော နေရာများ အတွက် ရေဖူလုံစွာ ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ရေမရရှိသေးသော နေရာများတွင်လည်း ရေရရှိရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးမိုးခိုင်