လင်းခေး ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့အဝင် တောင်ပေါ်ရှုခင်းသာနေရာသစ် တည်ဆောက်နေမှုအား တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုစစ် ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ရှုခင်းသာနေရာသစ်အား ခရိုင်နှင့်မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုနှင့် ကိုယ့်အားကိုယ်ကိုးအစီအစဉ်ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး၊ လင်းခေးမြို့နယ်အတွင်း သို့ဝင် ရောက်သွားလာကြသည့် ခရီးသွားပြည်သူများအနေဖြင့် (ခေတ္တအနားယူအပမ်းဖြေရင်း) မြို့၏သဘာဝအလှရှုခင်းကို ကြည့်ရှုခံစားနိုင်စေရန် ရည်ရွယ်လျက် ယခုကဲ့သို့အ ကောင်အထည်ဖော် တည်ဆောက်ပေးရ ခြင်းဖြစ်ပါကြောင်း တာဝန်ရှိသူကပြောကြား ခဲ့ပါသည်။
ဆက်လက်၍ လက်ရှိတည် ဆောက်ဆဲအခြေအနေအရ၊ ခန့်မှန်းကုန်ကျငွေကျပ်(၃၀)သိန်း ရှိပြီး၊ တည်ဆောက်ပြီးစီးသွားပါကဒေသနေပြည်သူတို့သာမက ခရီးသွားများအတွက် ခေတ္တအနားယူအပန်းဖြေနိုင်စရာ မြို့အဝင်ရှုခင်းသာနေရာတစ်ခု ဖြစ်လာတော့မည် ဖြစ်ပါသည်။
တည်ဆောက်လျက်ရှိသည့် နေရာသည် (နမ့်စန်-မိုးနဲ-လင်းခေး) သွားလမ်း မိုင်တိုင်အမှတ် (၄၉/၂)နေရာတွင်တည်ရှိကြောင်း၊ ၎င်းတည်ဆောက်ရေးလုပ်ငန်းခွင်သို့ လင်းခေး တပ်နယ်မှ တပ်နယ်မှူးဗိုလ်မှူးကြီးသန့်ထင်စိုး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးမြို့ဆောင်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက် ၁၁ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး တာဝန်ယူတည်ဆောက်လျက်ရှိသူများအား လိုအပ်သည်များ စီစဉ်ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)