လှိုင်မြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်

လှိုင် ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ မိုးရာသီကာလအတွင်းဖြစ်ပေါ်လေ့ရှိသော ရေကြီး ရေလျှံမှု မဖြစ်ပေါ်စေရန်၊ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုများကြောင့် ခြင်များ ပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ လှိုင်မြို့နယ်တွင် စံပြရပ်ကွက် ဆောင်ရွက်ရန် ရွေးချယ်ထားသော အမှတ်(၁၂)ရပ်ကွက် အင်းစိန်လမ်း လှိုင်ရတနာမွန် အိမ်ရာရှေ့တွင် သန့်ရှင်းသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် မြို့နယ်ရုံး အစီအစဉ်ဖြင့် အမြင်တင့်တယ်၍ သန့်ရှင်းသပ်ရပ်မှုရှိစေရန် အမှိုက်များ၊ ရွက်ကြွေများ ရှင်းလင်းခြင်းနှင့် ရေမြောင်းများ ရှင်းလင်းခြင်းအား စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ်အတွင်း စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးဌာနက ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရေစီးရေလာနှင့်ပန်းဥယျာဉ်ဝန်ထမ်းများက ရေမြောင်းအတွင်း အမှိုက်များ ရှင်းခြင်း၊ မြေပိုများကို ရှင်းခြင်းနှင့် အမှိုက်များကို အမှိုက်သယ်ကားဖြင့် စနစ်တကျ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

သီတာ (ပြန်/ဆက်)