ပင်းတယ ဇန်နဝါရီ -၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းသော DVB T2 Set Top Box အလုံးရေ (၃၀၀) အားပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ဇန်နဝါရီ (၁၇)ရက်နေ့ နံနက်(၁၀)နာရီက ပင်းတယမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ မိမိတို့ ဓနုဒေသတိုင်းရင်းသားများအတွက် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ မှန်အား နိုင်ငံတကာသိရှိနိုင်ရန် သတင်းမှန်များကို အချိန်နှင့်တပြေးညီ ထုတ်လွှင့်ပေးခြင်းနှင့် ကျန်းမာရေး၊ စိးပွားရေး၊ လူမူရေး၊ အသိပညာဗဟုသုတစုံလင်တဲ့ ရုပ်သံလိုင်း တွေကို ဖမ်းယူရရှိ နိုင်မယ့် (DVB T2) Set Top Box အလုံးရေ (၃၀၀)အား လှူဒါန်းပေးသည့် ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများအားလုံးကို အထူးပင်ကျေးဇူးတင် ဂုဏ်ယူမိပါကြောင်း၊ ပြည်သူလူထုကို အသိပေးရန်(သို့) လိုက်ပါလုပ်ဆောင်စေရန် ရည်ရွယ်ချက်ဖြင့် သတင်း၊ ကြော်ငြာ၊ ကြေညာချက်များ၊ အသိပေးနိူးဆော်ခြင်းများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဆက်စပ်တဲ့လိုင်းတွေမှတစ်ဆင့် ဖမ်းယူရရှိနိုင်ပြီဖြစ်တဲ့အတွက် ဒေသခံပြည်သူလူထုများစွာ အကျိုးပြုလာမှာဖြစ်ကြောင်းနှင့် လှူဒါန်းရရှိတဲ့ (DVB-T2) Set Top Box များအား ရပ်ကွက်/ ကျေးရွာအုပ်စုများအရောက် သက်ဆိုင်ရာမှတဆင့် ဆက်လက်ဖြန့်ဖြူး ဆောင်ရွက်ပေး သွားမှာဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာနမှ ပေးပို့လှူဒါန်းသည့်(DVB-T2) Set Top Box များအား၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပြုပြင်ထိန်းသိမ်း ရေးဇုန် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဇုန်တာဝန်ခံ အင်ဂျင်နီယာမှူး ဦးမြင့်ဦးမှပေးအပ်ရာ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ လက်ခံရယူခဲ့သည်။ ဆက်လက်၍ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှတဆင့် ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်ရှိ ဒေသခံပြည်သူများအတွက် စက်များအားလွဲပြောင်းပေးအပ်ရာ ပင်းတယမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲမှ အဖွဲ့ဝင်(၁)ဗိုလ်မှူးထွန်းထွန်းဦးနှင့် ရွာငံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဉီးတို့မှ လက်ခံရယူခဲ့ကြသည်။
(DVB-T2) Set Top Box များအားပေးအပ်လှူဒါန်းရခြင်းရည်ရွယ်ချက်နှင့် တပ်ဆင် အသုံးပြုပုံ နည်းစနစ်များအား ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပြုပြင်ထိန်းသိမ်း ရေးဇုန် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဇုန်တာဝန်ခံ အင်ဂျင်နီယာမှူး ဦးမြင့်ဦးမှ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဒစ်ဂျစ်တယ်စနစ်ဖြင့် ထုတ်လွှင့်သည့် ထပ်ဆင့်လွှင့်ရုံ (၅) ရုံရှိကြောင်းနှင့် (DVB-T2) Set Top Box မှ ဒစ်ဂျစ်တယ်စနစ်ဖြင့် ရုပ်သံလိုင်း(၁၈) လိုင်းမှ (၂၂) လိုင်းအထိ ဖမ်းယူရရှိနိုင်ကြောင်းနှင့် ရေဒီယို လိုင်းများအားလည်း ဖမ်းယူရရှိနိုင်မည် ဖြစ်ကြောင်းသိရသည်။
ပင်းတယ (ဒေသပြန်/ဆက်)