မိုင်းတုံ ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ အထကမိုင်းတုံစာသင်ကျောင်းရှိ နီလာဆောင် ခန်းမတွင် ယနေ့နက်(၁၀)နာရီအချိန်က လူမှောင်ခို/လူကုန်ကူးမှုဆိုင်ရာ မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက လူကုန်ကူးမှုတားဆီးကာကွယ်ရေးနဲ့ ပတ်သက်ပြီး ကျောင်းသား/ကျောင်းသူများကို အသိပညာပေးဟောပြော ပြီးနောက် မြို့နယ်လူကုန်ကူးမှု တာဆီးနှိမ်နှင်းရေးအဖွဲ့မှ ဒုရဲမှူးလှဖုန်းက လူမှောင်ခို/လူကုန်ကူးမှုဆိုင်ရာ မှုခင်းကျဆင်းရေးနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် ရှောင်ရန်ဆောင်ရန်များအတွက် ရည်ရွယ် ကာ အကျယ်တစ်ဝန်း ဟောပြောပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လူမှောင်ခို/လူကုန်ကူးမှုဆိုင်ရာ မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကို မြို့နယ်ထွေအုပ်၊ မြို့နယ်ရဲစခန်းမှ လူကုန်ကူးမှုတာဆီးနှိမ်နှင်းရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ရာကျောင်း သား/ကျောင်းသူ စုစုပေါင်း (၉၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)