ဇီးကုန်းမြို့နယ်တွွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဇီးကုန်း ဇန်နဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် သာပေါင်းကျေးရွာအုပ်စု လယ်တွင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မာမာဦးက ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ရီရီမြင့်က ကလေးငယ်များအား ရုပ်ပုံပါစာအုပ်ဖြင့် ပုံပြင်ပြောခြင်း၊ စာအုပ်စာစောင်များ ဖတ်ရှု စေခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ပြသထားသော လူကုန်ကူမှုတားဆီးကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် အသိပညာပေး နံရပ်ကပ်စာစောင်များနှင့် စာအုပ် စာစောင်များကို ကျောင်းသားကျောင်းသူ များက ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)