အမြို့မြို့အနယ်နယ်သတင်းများ

Jan 15,2022
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများနှင့်(Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍“လူငယ်တွေလမ်းမမှားနှင့်မူးယစ်ဆေးဝါးအန္တရာယ်”ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်၁၀ နာရီအချိန်ခန့်တွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိလူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။ 
Jan 15,2022
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့် အခြေခံ ပညာကျောင်းများအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့က  အ.ထ.က ဘောလည် အခြေခံပညာကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား အသက်(၁၀) နှစ်ပြည့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို နေ့ချင်းပြီး ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Jan 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်း ၊ အလယ်တန်းကျောင်းများရှိ အသက် (၁၂)နှစ် အထက်ကျောင်းသား၊ ကျောင်းသူ ၁၈၅၀ ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံပေးခြင်းကို ဇန်နဝါရီလ (၁၄) ရက်နေ့ နံနက် (၀၉:၀၀) နာရီ အချိန်မှစတင်ပြီး အထက(၁)၊ အထိက(၂) အပါအဝင် မြို့နယ်အတွင်း ဆေးထိုးစုရပ် (၁၂)ခု၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jan 14,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေ ပြု ဗဟိုဌာန (Community Center)ခန်းမ၌ ယနေ့ နံနက်၁၁ နာရီက  စာပေချစ်မြတ်နိုးသူ(Women Club)အသင်းအဖွဲ့ဝင်များ စုပေါင်း၍ “ရည်မှန်းချက် နှင့် ပြဿနာအထွေထွေ”စာအုပ်ဖြင့်စာဖတ်ဝိုင်း ဆောင်ရွက်ကြောင်းသိရသည်။
Jan 14,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းဦးကျေးရွာတွင်  ခရမ်းကြွပ်သီးအပါအဝင် တစ်ပိုင်တစ်နိုင်ဟင်းသီးဟင်းရွက်များစိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် နှစ်စဉ်မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။  
Jan 14,2022
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်း က မုဒုံမြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ် (၆) လ ဘတ်ဂျက်ကာလအတွင်း ကန်ကြီးကန်ပတ်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်နေမှု တို့ကိုကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
Jan 14,2022
နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးကို ရည်ရွယ်ကာ နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၂) အစည်းအဝေး အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
Jan 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အတွင်းတွင် ပြောင်းလဲလာသော စိုက်ပျိုးရေးပုံစံနှင့်အညီ စိုက်ပျိုးရေး လုပ်ကိုင်သူများသည် ယခင်ကကဲ့သို့ သီးနှံ(သို့)ပန်းမန်များကို ပုံသေစိုက်ပျိုးခြင်းအစား စျေးကွက်လိုအပ်ချက် နှင့်အညီ ရာသီအလိုက် သီးနှံများ၊ ပန်းမန်များကို ပြောင်းလဲစိုက်ပျိုးကြကြောင်း စိုက်ပျိုးရေးလုပ်ကိုင်သူများက သုံးသပ်ပြောပြသည်။