နောင်ချို ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်း ၊ အလယ်တန်းကျောင်းများရှိ အသက် (၁၂)နှစ် အထက်ကျောင်းသား၊ ကျောင်းသူ ၁၈၅၀ ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံပေးခြင်းကို ဇန်နဝါရီလ (၁၄) ရက်နေ့ နံနက် (၀၉:၀၀) နာရီ အချိန်မှစတင်ပြီး အထက(၁)၊ အထိက(၂) အပါအဝင် မြို့နယ်အတွင်း ဆေးထိုးစုရပ် (၁၂)ခု၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသာ/သူများအား ကိုယ်အပူချိန်တိုင်းတာ ခြင်း ၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးပြီးမှ စိတ်ချရသူများ အား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးခဲ့ကြောင်း ကာကွယ် ဆေးထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား မိနစ်(၃၀)အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှု များ ဆောင်ရွက်ပေးခဲ့ကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပထမအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပြီးသူ (၁၈၅၀)ဦး အား ဒုတိယအကြိမ် ထိုးနှံပေးခြင်း ဖြစ်ကြောင်း၊ ဆေးအမျိုးအစားမှာ Sinovac ဖြစ်ပြီး ဆေးတစ်လုံး (၂)ဦးနှုန်း ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ထွေးငယ်