ထန်းတပင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိနေ

ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၁၅ 

ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့် အခြေခံ ပညာကျောင်းများအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့က  အ.ထ.က ဘောလည် အခြေခံပညာကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို နေ့ချင်းပြီး ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးရာတွင်လည်း ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ဆွေနှင့်ဝန်ထမ်းများက အ.ထ.က ဘောလည်ကျောင်းတွင် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားလျှောက်ထားသည့်  ကျောင်းသား၊ ကျောင်းသူကလေးငယ်(၅၅)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြား (၅၅)ကတ်တို့ကို နေ့ချင်းပြီး(အခမဲ့) ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြကြောင်းလည်းသိရသည်။

ထန်းတပင်မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်နေ့မှစတင်ကာ ပြုလုပ်ဆောင်ရွက် ပေးခဲ့ပြီး ဇန်နဝါရီလ(၁၄)ရက်နေ့အထိ အိမ်ထောင်စုလူဦးရေစာရင်း (၁၂၂၅)စု၊ အသက် (၁၀)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား (၁၄၇၃)ကတ်နှင့် အသက်(၁၈)ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြား (၉၅၈၁) ကတ်ကို ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းလည်းသိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)