အမြို့မြို့အနယ်နယ်သတင်းများ

Jan 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်နှင့် တစ်ဖက်တစ်လမ်းမှ ၀င်ငွေပိုမိုရရှိစေရန်အတွက် တစ်ပိုင်တစ်နိုင် နနွင်းများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Jan 15,2022
ကျေးလက်ပြည်သူများနှင့်တောင်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ လွယ်ကူလျှင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးနှင့်လယ်ယာသုံးစက်များ အလွယ်တကူ သွားလာနိုင်ရေးတို့အတွက် ရည်ရွယ်၍ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးလျက်ရှိသည်။ 
Jan 15,2022
ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်တွင် ယနေ့နေ့နံနက်ပိုင်းမှ စတင်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့ပြနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းဌာနမှဝန်ထမ်းများစုပေါင်း၍ အမှတ်(၁၀)ရပ်ကွက်သံလွင်လမ်းရှိ လမ်းသားမြေပိုများနှင့် ရေနုတ်မြောင်းအား သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းအဖွဲ့ဖြင့်ရှင်းလင်း ဆောင်ရွက်ပေးလျှက်ရှိပါသည်။
Jan 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ကွီးလေးကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ ၊နိုဝင်ဘာနှင့် ဒီဇင်ဘာလ)အတွက် လူမှုရေး ပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့က ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
Jan 15,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ၁နာရီက အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ကာကွယ်ရေးအသိပညာပေး(Talk Show)ဆွေးနွေးပွဲ ကျင်းပသည်။
Jan 15,2022
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများနှင့်(Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍“လူငယ်တွေလမ်းမမှားနှင့်မူးယစ်ဆေးဝါးအန္တရာယ်”ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်၁၀ နာရီအချိန်ခန့်တွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိလူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။