အမြို့မြို့အနယ်နယ်သတင်းများ

Jan 16,2022
ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ ပြည်သူများမီးသုံးစွဲရာတွင် ပေါ့ဆမှုမရှိစေရေး ကြိုတင် ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ် လုံခြုံမှုရှိစေရေးတို့အတွက် ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် Dammer Pine သစ်ခွဲသားစက်ရုံအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
Jan 16,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ယမန်နေ့နံနက် ၁၀ နာရီက လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 16,2022
သံတွဲမြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ(မြို့မ)၌ ၂၀၁၈-၂၀၁၉ပညာသင်နှစ်ပညာ ရည်ချွန် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁နာရီခွဲက အဆိုပါကျောင်းပညာရတနာ ခန်းမ၌ ကျင်းပပြုလုပ်သည်။
Jan 16,2022
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးသည် ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း လုပ်ငန်းရှင်များနှင့် တွေဆုံ၍ မုံရွာမြို့နယ်အတွင်း အကြမ်း ဖက်မှုများ တားဆီးကာကွယ်နိုင်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်‌ ရေးဥပဒေအား သိရှိလိုက်နာနိုင်‌ရေး တွေ့ဆုံရှင်းလင်းပွဲကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က မုံရွာမြို့ စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 16,2022
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန မုဒုံမြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းတွင် မွန်ရိုးရာလက်ရက်ကန်းနည်း ပညာရပ်များနှင့် အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်နည်းပညာရပ်များ သင်ကြားပို့ချလျက်ရှိသည်။
Jan 16,2022
၂၀၂၂ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။