မုဒုံမြို့နယ်တွင် မွန်ရိုးရာ လက်ရက်ကန်းနှင့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်နည်းပညာ သင်တန်း ဖွင့်လှစ်ပေး

မုဒုံ  ဇန်နဝါရီ ၁၆

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန မုဒုံမြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းတွင် မွန်ရိုးရာလက်ရက်ကန်းနည်း ပညာရပ်များနှင့် အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်နည်းပညာရပ်များ သင်ကြားပို့ချလျက်ရှိသည်။

သင်တန်းသို့ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများနှင့် ကျေးလက်နေသင်တန်းသူ (၄၀) ဦးတို့ တက်ရောက် လျက်ရှိကြောင်း၊ သင်တန်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်စင်တီမီတာနည်း၊ ခေတ်မီဒီဇိုင်းများဖြင့် ပွဲတက်ပွဲထိုင်ဝတ်စုံများ၊ မော်တာစက်ချုပ် နည်းပညာ များ၊ မွန်ရိုးရာ လက်ရက် ကန်းနည်းပညာ မွန်အင်္ကျီ၊ မွန်ထဘီ၊မွန် ပုဆိုး၊ မွန်တိုက်ပုံ၊ ရိုးရာချည်စောင်နှင့် လက်သုတ်ပဝါ ချုပ်နည်း ဘာသာရပ် များသင် ကြားပို့ချပေးမည်​​​ဖြစ်သည်။

တိုင်းရင်းသားလူမျိုးများ အပါအဝင်အမျိုးသမီးများ  အလုပ်အကိုင် အခွင့်အလမ်းရရှိပြီး အဆင့်မြင့် စက်ချုပ်ပညာရပ်များ သင်ကြား တတ်မြောက်ခြင်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ မိသားစု အပိုဝင်ငွေရရှိရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ်  အထည်ချုပ်စ က်ရုံများ  ကိုယ်ပိုင်စက်ချုပ်ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်နိုင်ရေးအတွက် ရည်ရွယ်ပြီး သင်တန်းများဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ကျောင်းအုပ် ဆရာမကြီး၏ ပြောပြချက်အရ သိရသည်။

မုဒုံမြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်းတွင် ဘဏ္ဍာနှစ်အလိုက် သင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိရာ နှစ်စဉ် သင်တန်းသူ (၁၅၀) ခန့်မွေးထုတ် ပေးလျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)