Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လားရိူးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ စိတ္တသုခဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်
Jan 14,2022
လားရိူးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လားရှိုးမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ စိတ္တသုခဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ဇန်နဝါရီ(၁၄)ရက် နံနက်(၉)နာရီခွဲ အချိန်က အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့နယ်အတွင်း လမ်းခင်းကျောက်နှင့် ဓါတ်သတ္တုများထုတ်လုပ်ရာ၌ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး တွေ့ဆုံဆွေးနွေး
Jan 14,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အသေးစားနှင့် အလတ်စားလမ်းခင်းကျောက်နှင့် ဓါတ်သတ္တုလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာ၌ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် လုပ်ငန်းရှင်များတို့ ယမန်နေ့မွန်းလွဲပိုင်း က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် အသက် ၁၀၃ နှစ်ရှိ အဖွားနိုင်းစမ်အား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခဲ့
Jan 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ဇန်နဝါရီလ ၁၂ ရက်နေ့က အမှတ်(၅) ရပ်ကွက်အတွင်းရှိ ပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ MCCT အစီအစဥ်အတွက် ဆင့်ပွားသင်တန်းဖွင့်လှစ် ပို့ချ
Jan 14,2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ MCCT အစီ အ စဉ် ထောက်ပံ့မှုများအား လွယ်ကူလျှင်မြန် ချောမွေ့စွာထုတ်ယူနိုင်ရန် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်က ငပုတောမြို့ နယ် မိုးလုံလေလုံ အားကစားခန်းမတွင် MCCT အစီအစဉ်အတွက် ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့၌ အိုမီခရွန် (Omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများ သတိပြုကာ မိမိကစ၍ကာကွယ်ပါ ပိုစတာစိုက်ထူ
Jan 14,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး အိုမီခရွန် (Omicron)အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများ သတိပြုကာ မိမိကစ၍ကာကွယ်ပါ အသိပညာပေး ပိုစတာစိုက်ထူ ခြင်းကို ယနေ့နံနက်(၉)နာရီက မင်းလှမြို့အဝင် တြိဂံလမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့နယ်၌ ကျေးရွာများအရောက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Jan 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်ရှိ ပြည်သူ့ဆေးရုံ၊ မြို့နယ်ကျေးရွာများရှိ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများ စသည့် စုရပ်အသီးသီးတို့တွင် ဦးတည်အုပ်စုများ အလိုက် အသက်(၁၈)နှစ် အထက်ရှိသူများအား ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံ ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မန်ဖိုင်ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ဟိုယကျေးလက် ကျန်းမာရေးဌာနခွဲနှင့် ခိုင်ဆိုင်းကျေးရွာ အုပ်စုရှိ ဘုန်းတော်ကြီးကျောင်းတို့တွင် ပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် ကာရာအိုကေဆိုင်များ မီးဘေးအန္တရာယ်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရေး ကွင်းဆင်းစ…
Jan 14,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ ကာရာအိုကေဆိုင်များ မီးဘေးအန္တရာယ်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်းရှိမရှိကို ယမန်နေ့မွန်းလွဲပိုင်း က တာဝန်ရှိသူများပူးပေါင်း၍ လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးဝမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ ပြုလုပ်
Jan 14,2022
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19159
Page
19160
Page
19161
Page
19162
Current page
19163
Page
19164
Page
19165
Page
19166
Page
19167
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department