သံတွဲမြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ(မြို့မ)၌ ၂၀၁၈-၂၀၁၉ပညာသင်နှစ်ပညာရည်ချွန်ဆုပေးပွဲကျင်းပ

သံတွဲ     ဇန်နဝါရီ   ၁၆

သံတွဲမြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ(မြို့မ)၌ ၂၀၁၈-၂၀၁၉ပညာသင်နှစ်ပညာ ရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁နာရီခွဲက အဆိုပါကျောင်းပညာရတနာ ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းခွဲ(မြို့မ) ကျောင်းသား/သူလေးများက မြန်မာ့ကျောင်း သီချင်းကို သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပေးကြသည်။ ထို့နောက် ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဥက္ကဋ္ဌ ဦးစိုးသန်းက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်စိုးက ဆုပေးပွဲပြုလုပ်ရခြင်း ဆိုင်ရာများ၊ ကျောင်းတွင်းဆောင်ရွက်မှုအခြေအနေများနှင့် ပညာသင်ကြားမှု ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်၍ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် နဝမတန်း လူရည်ချွန်ဘက်စုံဆု၊ အဋ္ဌမတန်း လူရည်ချွန် ဘက်စုံဆု၊ ၂၀၂၁-၂၀၂၂ပြည်နယ်အဆင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲ တတိယဆု၊ မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲနှင့် ညာဏ်စမ်းဗဟေဠိ အထက်တန်းအဆင့် ဆုရ ကျောင်း သား/သူများ၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဂုဏ်ထူးရ ကျောင်းသား/သူများ၊ ၅နှစ် ဆက်တိုက် ပထမဆုရရှိသူများ ၊ ၃နှစ်ဆက်တိုက် ပထမဆုရသူများနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်း တွင်းပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ ကျောင်း အုပ်ဆရာမကြီးဒေါ်ခင်ခင်စိုးနှင့် ဖိတ်ကြားထားသည့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

ဆုချီးမြှင့်ပွဲအပြီးတွင် ကျောင်းသား/သူလေးများက မြန်မာရိုးရာယာဉ်ကျေးမှု တေးသီချင်းအဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ဇာတိမာန်တေးသီချင်းကိုသီဆို၍ အခမ်းအနားကို အောင်မြင်စွာပြီးစွာ ပြီးခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)