သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းအသိပညာပေး ဆွေးနွေးပွဲပြုလုပ်

ရပ်စောက်     ဇန်နဝါရီ   ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ယမန်နေ့နံနက် ၁၀ နာရီက လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးစိုင်းမြတ်ကျော်စိုးက သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ လက်ထောက်ဦးစီးမှူး ဦးဆုအောင်ဝေထက်က အီးအမ်(အကျိုးပြုအဏုဇီဝ) ဖျော်ရည်သုံးစွဲနည်း၊ အီးအမ်၏အကျိုးအာနိသင်များ၊ အီးအမ်ပျော်ရည်ပွားများသုံးစွဲနည်းများ၊ မြေဆွေးပြုလုပ်သုံးစွဲနည်းများနှင့် အီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်ပုံ အဆင့်ဆင့်တို့ကို အကျယ်တစ်ဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းအသိပညာပေး ဆွေးနွေးပွဲ(Talk Show) အပြည့် အစုံကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် We Love Yatsauk Facebook Page တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီး ပြည်သူများအသိပညာ ဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ အသိပညာပေး Talk Show များကို လစဉ်ရိုက်ကူး ထုတ်လွှင့်ပေးလျက် ရှိကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)