သံဖြူဇရပ် ဇန်နဝါရီ ၁၆
ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ ပြည်သူများမီးသုံးစွဲရာတွင် ပေါ့ဆမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ် လုံခြုံမှုရှိစေရေးတို့အတွက် ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် Dammer Pine သစ်ခွဲသားစက်ရုံအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်တို့မှ တာဝန်ရှိသူများ ပူးပေါင်းကာ သံဖြူဇရပ်မြို့နယ် Dammer Pine သစ်ခွဲသားစက်ရုံတွင် ဘွိုင်လာ အသုံးပြုပုံ များ၊ သစ်ခွဲသားများ စနစ်တကျ စုပုံထားရှိမှု ရှိ/မရှိ၊ လျှပ်စစ်ဝါယာကြိုး သွယ်တန်းထားရှိမှု၊ မီးသတ် ဆေးဘူးများထားရှိမှု၊ မီးလောင်မှု ဖြစ်ပွားလျှင် အချက်ပေးစနစ် ဆောင်ရွက်ထားရှိမှုနှင့် မီးဘေး လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်စစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား လမ်းညွှန်ပြောကြားခဲ့ကြောင်း သိရသည်။
အေးအေးမွန်(ပြန်/ဆက်)