Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကြံခင်းမြို့တွင် စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေးသရုပ်ပြ ဇာတ်တိုက် လေ့ကျင့်
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေး အန္တရာယ်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လက်တွေ့မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ပညာရပ်များအား လေ့ကျင့် သင်ကြားပေးလျက်ရှိ
Jan 13,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ယခင်က ထက် မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ ပိုမိုကျွမ်းကျင်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းတွင် လက်တွေ့မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ပညာရပ်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော်၏ စိန်ရတုဝိဇာတ မွေးနေ့ကျင်းပ
Jan 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသော၏ သက်တော် ၇၅ နှစ် စိန်ရတုဝိဇာတမွေးနေ့ကို ဇန်နဝါရီ ၁၃ ရက်က အမှတ်(၄)ရပ်ကွက်ရှိ ယင်းစာသင်တိုက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
COVISHIELD နှစ်ကြိမ်ထိုးနှံပြီးသောနိုင်ငံ့ဝန်ထမ်း များနှင့်အသက်(၆၅)နှစ်နှင့်အထက်ပြည်သူများအား Booster Dose ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှို…
Jan 13,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က COVISHIELDနှစ်ကြိမ်ထိုးနှံပြီးသော နိုင်ငံ့ဝန်ထမ်း များနှင့်အသက်(၆၅)နှစ်နှင့် အထက်ပြည်သူများအား Booster Dose ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုရောဂါကြောင့် သေဆုံးသူ ရောဂါကူးဆက်ခံရမှုများ လျော့နည်းစေရန် ရည်ရွယ်၍၊ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဦးစားပေး အစီအစဉ်များအရ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက် စန္ဒမုနိဘုရားဝန်းတွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စုအတွင်း”ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး
Jan 13,2022
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကျေးလက်နေပြည်သူများ လက်ဝယ်ရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ(လဝက)မှူး ဦးတင့်နိုင်နှင့် ဝန်ထမ်း(၇)ဦးတို့က သကျက်ကျေးရွာ အုပ်စု-ကျေးရွာခွဲ(၈) ရွာအတွင်း မှီတင်းနေထိုင်ကြသော မိဘပြည်သူများအား တောင်ဘိန်း(၁)ရွာ စိန်မိုင်ကယ် ဘုရားရှိခိုးကျောင်း-စိန်ဂျူးဓမ္မာရုံအတွင်း၌ယမန်နေ့မှစ၍ ကွင်းဆင်းပြုလုပ်ပေးကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jan 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူများကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီက ထမင်းမစား ကျေးရွာတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူတွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူ ၁၉၂ ဦးအား ဒုတိယအကြိမ် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေး
Jan 13,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည် ခန်းမ၌ ကာကွယ်ဆေးဖြင့်လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်ကာကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက်ပိုင်း၌ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူ ၁၉၂ဦးအား ဒုတိယအကြိမ် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19107
Page
19108
Page
19109
Page
19110
Current page
19111
Page
19112
Page
19113
Page
19114
Page
19115
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department