ကြံခင်းမြို့တွင် စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေးသရုပ်ပြ ဇာတ်တိုက် လေ့ကျင့်

ကြံခင်း  ဇန်နဝါရီ  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေး အန္တရာယ်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးခြင်းကို မြိုနယ်ဦးစီးမှုး ဦးကိုကိုနိုင်က ကျောင်းသား၊ ကျောင်းသူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရမည့် အချက်များအား လည်းကောင်း၊ ဒု-ဦးစီးမှုး ဦးစည်သူအောင်မှ မီးလောင်မှုဖြစ်ပွားတတ်သောအချက်များ၊  မီးသတ်ဆေးဗူး အသုံးပြုမီးငြိမ်း သတ်ခြင်းများကိုလည်းကောင်း အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် မီးဘေးလုံခြုံရေး ဇာတ်တိုက်သရုပ်ပြရာ အထက(၁) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ဆီမီး(DCP)မီးသတ်ဆေးဗူးဖြင့် မီးလောင်ခြင်းအန္တရာယ် ကြုံတွေ့ပါကအ ရေးပေါ်မီးငြိမ်းသတ်နိုင်ရန် ပြသပေးခြင်း၊ အဝတ်ရေစိုဖြင့် အရေးပေါ်မီးငြိမ်းသတ်ပုံများကို သရုပ်ပြလေ့ကျင့်ပေးခြင့်နှင့် အရန်မီးသတ်များမှ ရေသယ်ယာဉ်မှ မီးသတ်ပိုက်ဖြင့် မီးငြိမ်းသတ်ပုံများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင်၊ ဒုမီးသတ်ဦးစီးမှူး ဦးစည်သူအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၆)ဦးတို့က သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)