တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စုအတွင်း”ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

တနင်္သာရီ ဇန်နဝါရီ ၁၃

“လူမှုဘဝပြည့်စုံဖို့  နိုင်ငံသားကတ်ကိုင်ကြစို့ ” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကျေးလက်နေပြည်သူများ လက်ဝယ်ရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ(လဝက)မှူး ဦးတင့်နိုင်နှင့် ဝန်ထမ်း(၇)ဦးတို့က သကျက်ကျေးရွာ အုပ်စု-ကျေးရွာခွဲ(၈) ရွာအတွင်း မှီတင်းနေထိုင်ကြသော မိဘပြည်သူများအား တောင်ဘိန်း(၁)ရွာ  စိန်မိုင်ကယ် ဘုရားရှိခိုးကျောင်း-စိန်ဂျူးဓမ္မာရုံအတွင်း၌ယမန်နေ့မှစ၍ ကွင်းဆင်းပြုလုပ်ပေးကြောင်း သိရှိရသည်။

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အိမ်ထောင်စုလူဦးရေစာရင်း (မရှိ)သေးသူများနှင့် နိုင်ငံသားစီစစ်ရေးကတ်(မရှိ)သေးသူများကို လုပ်ငန်းစဉ်(၄)မျိုးဖြင့် အသက်(၁၀)နှစ်ပြည့်မှစ၍ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေးအတွက် ပြုလုပ်ပေးရာ ယနေ့တွင် အသက်(၁၀)နှစ်ပြည့် နိုင်(၃/က) ကျား(၄)+မ(၆)ဦး ပေါင်း(၁၀)ဦး၊  အသက်(၁၀)နှစ်ပြည့်မှ အသက်(၁၈)နှစ်ပြည့် နိုင်(၃/ကမှနိုင်၆/က)သို့ လဲ လှယ်သူ ကျား(၁၄)ဦး+မ(၁၃)ဦး ပေါင်း(၂၇)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်(၆/က) ကျား(၃၄)ဦး+ မ(၂၀)ဦး-ပေါင်း(၅၄)ဦး၊  ကတ်ပြားပျောက်ဆုံး/ပျက်စီးသဖြင့် လျှောက်ထားသူ ကျား(၅)ဦး+ မ(၈)ဦး-ပေါင်း(၁၃)ဦး။   သို့ပါ၍  နိုင်ငံသားကတ် ကျား(၅၇)ဦး+မ(၄၇)ဦး..အားလုံး စုစုပေါင်း (၁၀၄)ဦးနှင့် အိမ်ထောင်စုလူဦးရေးစာရင်း(၂၅)စုတို့ကို ပြုလုပ်ပေးနိုင်ခဲ့ကြောင်း၊ ၎င်းကျေးရွာအုပ်စုအတွင်း အိမ်ခြေ(၁၃၀၀)ကျော်ရှိ၍ လူဦးရေ (၇၂၀၀)ကျော်ရှိသဖြင့် ဇန်နဝါရီလ(၁၅)ရက်နေ့အထိ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိန်ဝင်း(ပြန်ဆက်)