ပုလော ဒီဇင်ဘာလ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူများကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီက ထမင်းမစား ကျေးရွာတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့်ကြက်ခြေနီ တပ်ဖွဲ့၀င်များ၊ ကျေးရွာနေမိဘပြည်သူများက လိုအပ်သည် များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းဒွတ်ကျေးရွာနှင့် လိပ်သောင်ကျေးရွာရှိ သတ်မှတ်စုရပ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း များနှင့် တာဝန်ရှိ သူတို့က ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရပါသည်။
အေးအေးမော် (ပုလော)