ကျိုက်လတ် ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုရောဂါကြောင့် သေဆုံးသူ ရောဂါကူးဆက်ခံရမှုများ လျော့နည်းစေရန် ရည်ရွယ်၍၊ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဦးစားပေး အစီအစဉ်များအရ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက် စန္ဒမုနိဘုရားဝန်းတွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကျိုက်လတ်မြို့နယ် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ ခနောင်ကျေးရွာအုပ်စု၊ တဲ့တဲ့ကူးကျေးရွာအုပ်စု၊ ကိုင်းချောင်းကျေးရွာအုပ်စု တို့မှ အသက် (၁၈)နှစ်အထက် ပြည်သူ(၁၅၀)ဦး လာရောက်ထိုးနှံခဲ့ ကြကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေး လာရောက်ထိုးနှံသူပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေမှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ကာကွယ်ဆေးထိုးနှံနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
ဌေးဌေးလှိုင်
မြို့နယ်( ပြန်/ဆက်)